Map Graph

နုန်းတန်းရွာ၊ ယင်းမာပင်မြို့နယ်

နုန်းတန်းရွာ(အင်္ဂလိပ်: NoneTan; နုံးတန်း ဟုလည်း စာလုံးပေါင်း)သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၃၆၅၇ ဖြစ်သည်။ နုံးတန်းရွာသည်အိမ်ခြေ တစ်ရာကျော်ရှိသော ရွာငယ်တစ်ရွာဖြစ်ပြီး အရှေ့ဘက်တွင်ရင်ပေါင်တိုင်ရွာ အနောက်ဘက်တွင်ပျားအိုရွာနှင့် ကပ်လျက်ရှိသည်။ တောင်ဘက်တွင် မြောက်ယမားချောင်းတည်ရှိပြီး မြောက်ဘက်တွင် ထန်းတောတိုက်ရှိသည်။ နုံးတန်းရွာသည် နှစ်တစ်ရာကျော်ခဲ့ပြီး ရှေးယခင်က ကန်အေးရွာဟုအမည်တွင်ခဲ့သည်။ နုံးတန်းရွာတွင် ဘ/က ဘုန်းတော်ကြီးသင်အခြေခံပညာ မူလတန်းကျောင်းလဲရှိပြီး အထက်တန်းကျောင်းကိုတော့ရင်ပေါင်တိုင်ရွာတွင်တက်ရောက်ကြရသည်။

Read article